ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီး Fertility Centre တွင် ၂၀၂၆ ခုနှစ် ဧပြီလနှင့် မေလအတွင်း ဖန်ပြွန်သန္ဓေသားနည်းပညာ (IVF) အသုံးပြု၍ ဇနီးမောင်နှံ ၁၂ တွဲအား ကလေးရရှိနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ထို့ပြင် သားအိမ်အတွင်း သုက်ပိုးထည့်သည့်နည်းပညာ (IUI) ဖြင့် ဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ်၌ ၁၅ ဦးအနက် ၃ ဦး၊ ၂၀၂၄ ခုနှစ်၌ ၆၁ ဦးအနက် ၁၂ ဦး၊ ၂၀၂ ball၅ ခုနှစ်၌ ၁၅၇ ဦးအနက် ၂၁ ဦး အောင်မြင်ခဲ့ပြီး ၎င်းတို့အနက်မှ ၂၀Blank၂၆ ခုနှစ် မေလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် အမြွှာယောက်ျားလေးနှစ်ဦးနှင့် ယောက်ျားလေးတစ်ဦးတို့ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ၊ ၂၀၂၆ ခုနှစ် မေလအထိ IUI ဖြင့် လူနာ ၃၀ ဦးအား ဆောင်ရွက်ပေးရာတွင် ၅ ဦး ထပ်မံအောင်မြင်ထားသည်။ အဆိုပါ Fertility Centre ကို ၂၀၂၂ ခုနှစ်မှစတင်၍ သားသမီးရလိုသည့် မောင်နှံများအတွက် ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်အထိ လူနာပေါင်း ၅,၄၀၀ ကျော်အား လက်ခံကုသပေးခဲ့ပြီးဖြစ်ကာ၊ ကျွမ်းကျင်ဆရာဝန်ကြီးများက အစိုးရရုံးဖွင့်ရက်တိုင်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ မျိုးပွားမှုဆိုင်ရာ ခေတ်မီနည်းပညာမျိုးစုံဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် ဇနီးမောင်နှံ ၁၂ တွဲအား ကလေးရရှိရန် ဆောင်ရွက်ပေးထား
May 27 • 7:56 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 44 | 0 | 0 | 0 |


