back

ဘန်ကောက်တွင် ပအိုဝ်းရွှေ့ပြောင်းလုပ်သား လူငယ်တစ်ဦး အရက်မူးပြီး အဆောင်ပေါ်မှ ပြုတ်ကျကာ ဦးနှောက်သွေးကြောပြတ်၍ သေဆုံး

May 27 • 7:55 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်တွင် ပအိုဝ်းရွှေ့ပြောင်းလုပ်သား လူငယ်တစ်ဦး အရက်မူးပြီး အဆောင်ပေါ်မှ ပြုတ်ကျကာ ဦးနှောက်သွေးကြောပြတ်၍ သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပအူယူထဉ်ဒေသ၌ နေထိုင်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် ပအိုဝ်းတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သား ခွန...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပအူယူထဉ်ဒေသ၌ နေထိုင်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် ပအိုဝ်းတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သား ခွန်ထွန်းမြန် (ခ) ခွန်တီးပွာသည် ပြီးခဲ့သည့် မေလ ၂၅ ရက်က အရက်မူးပြီး အဆောင်အပေါ်ထပ်မှ ပြုတ်ကျကာ ကွယ်လွန်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။ ၎င်းသည် ပြုတ်ကျစဉ်က သွေးထွက်ခြင်းမရှိဘဲ ဘာမှမဖြစ်ဟုဆိုကာ သွားရောက်အိပ်ပျော်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်နိုးရစ်ခြင်းမရှိတော့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဦးနှောက်သွေးကြောပြတ်ပြီး သွေးခဲကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ (မေလ ၂၇ ရက်) တွင် ဗွိုင်ထောင်လန် ဘုန်းကြီးကျောင်း၌ သင်္ဂြိုဟ်သွားမည်ဖြစ်ပြီး၊ ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း ဘန်ကောက်မြို့၌ပင် အခြားပအိုဝ်းရွှေ့ပြောင်းလုပ်သား လူငယ်တစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

news-view-count-icon

16