back

ရန်ကုန်တွင် အိမ်ငှားရမ်းသူများပြီး ဈေးနှုန်း ၂ ဆနီးပါးတက်

May 27 • 8:00 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် အိမ်ငှားရမ်းသူများပြီး ဈေးနှုန်း ၂ ဆနီးပါးတက်

မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ရန်ကုန်မြို့ပြသို့ ရွှေ့ပြောင်းနေထိုင်သူ များပြားလာရာ အိမ်အငှားဈေးကွက်တွင် ငှားရမ်းခများ နှစ်ဆနီးပါးအထိ မြင...

မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ရန်ကုန်မြို့ပြသို့ ရွှေ့ပြောင်းနေထိုင်သူ များပြားလာရာ အိမ်အငှားဈေးကွက်တွင် ငှားရမ်းခများ နှစ်ဆနီးပါးအထိ မြင့်တက်နေပြီး အလုအယက် ငှားရမ်းနေကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် အိမ်ငှားများထံမှ သိရသည်။ အိမ်အငှားဈေးနှုန်းများသည် နေရာဒေသနှင့် စနစ်အပေါ်မူတည်၍ သာမန်တိုက်ခန်းများအတွက် တစ်လလျှင် ကျပ် ၁ သိန်းခွဲမှ ၅ သိန်းခန့်အထိလည်းကောင်း၊ မြို့ထဲနှင့် အချက်အချာကျသောနေရာများတွင် ကျပ် ၁၀ သိန်းမှ ၁၈ သိန်း (သို့မဟုတ်) သိန်း ၂၀ ဝန်းကျင်အထိလည်းကောင်း ပေါက်ဈေးရှိနေသည်။ တစ်ဖက်တွင်လည်း ဒေါ်လာနှင့် ရွှေဈေးနှုန်း အဆမတန်မြင့်တက်နေသဖြင့် ငွေကိုင်ထားသူများက အိမ်ခြံမြေဘက်သို့ ပြောင်းလဲရင်းနှီးမြှုပ်နှံလာကြရာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အဝယ် ပြန်လိုက်လာပြီး ဒဂုံ ၄ မြို့နယ်အတွင်း မြေကွက်သီးသန့်ဝယ်ယူမှု ပိုမိုများပြားလာသည်။ ဒဂုံမြောက်ပိုင်းတွင် ပေ ၂၀-၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၄,၅၀၀ မှ ၁၃,၅၀၀ အထိ၊ တိုက်ခန်းများတွင် ကျပ်သိန်း ၂၇၀ မှ သိန်းသောင်းချီအထိ ပေါက်ဈေးရှိနေပြီး ငလျင်ကြောင့်လည်း အထပ်မြင့်တိုက်များထက် မြေကွက်များက ပိုမိုအရောင်းသွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

27