back

ထိုင်းနိုင်ငံ၊မဲဆောက်တွင် ဘတ်သန်း ၁၀၀ ကျော်လည်ပတ်သည့် လောင်းကစားဂိုဏ်းကို စီးနင်းပြီး တရားခံ ၃ ဦးနှင့် ရွှေ၊ ငွေများ ဖမ်းမိ

May 27 • 4:13 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊မဲဆောက်တွင် ဘတ်သန်း ၁၀၀ ကျော်လည်ပတ်သည့် လောင်းကစားဂိုဏ်းကို စီးနင်းပြီး တရားခံ ၃ ဦးနှင့် ရွှေ၊ ငွေများ ဖမ်းမိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ တစ်နှစ်လျှင် ဘတ်သန်း ၁၀၀ ကျော် လည်ပတ်နေသည့် "betflix-bet5" အွန်လိုင်းလောင်းကစားကွန်ရက်ကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က မေလ ၂၆ ရက်တွင် ...

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ တစ်နှစ်လျှင် ဘတ်သန်း ၁၀၀ ကျော် လည်ပတ်နေသည့် "betflix-bet5" အွန်လိုင်းလောင်းကစားကွန်ရက်ကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က မေလ ၂၆ ရက်တွင် ပစ်မှတ် ၂ နေရာခွဲ၍ ဝင်ရောက်စီးနင်းခဲ့သည်။ အဆိုပါဂိုဏ်းသည် အမည်ခံဘဏ်အကောင့်များ အသုံးပြုကာ အွန်လိုင်းလောင်းကစားမျိုးစုံ ပြုလုပ်နေခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ကိုယ်တိုင်လျှို့ဝှက်စုံစမ်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။စီးနင်းမှုအတွင်း ငွေထုတ်ပေးသူ သီရဖန်၊ ဘဏ်အကောင့်ငှားရမ်းသူ အမျိုးသမီး ထစ်အာဖာနှင့် ငွေလွှဲပေးသူ သီရဖုန်း အပါအဝင် တရားခံ ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ၎င်းတို့ထံမှ ငွေသား ၁ သန်းကျော်၊ ရွှေ ၄၀ ဘတ်သား၊ ကား ၁ စီး၊ ဖုန်းများနှင့် လပ်တော့များကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ပြီး လက်ရှိတွင် လောင်းကစားမှု၊ ငွေကြေးခဝါချမှုပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

news-view-count-icon

20