back

ဂျပန်နိုင်ငံ၊ AI နည်းပညာကုမ္ပဏီမှ အမှုဆောင်ဟောင်းနှစ်ဦးကို စာရင်းဇယားလိမ်လည်မှု ဖြင့် တရားရုံးက ပြစ်ဒဏ်ချမှတ်

May 27 • 4:15 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံ၊ AI နည်းပညာကုမ္ပဏီမှ အမှုဆောင်ဟောင်းနှစ်ဦးကို စာရင်းဇယားလိမ်လည်မှု ဖြင့် တရားရုံးက ပြစ်ဒဏ်ချမှတ်

ဂျပန်နိုင်ငံ၊ တိုကျိုခရိုင်တရားရုံးသည် AI နည်းပညာထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သော "Alt Inc." ကုမ္ပဏီ၏ ရောင်းအားပမာဏကို ဂျပန်ယန်း ၁၁ ဘီလီယံခန့် ပိုမိုဖောင်းပွအောင...

ဂျပန်နိုင်ငံ၊ တိုကျိုခရိုင်တရားရုံးသည် AI နည်းပညာထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သော "Alt Inc." ကုမ္ပဏီ၏ ရောင်းအားပမာဏကို ဂျပန်ယန်း ၁၁ ဘီလီယံခန့် ပိုမိုဖောင်းပွအောင် စာရင်းဇယားလိမ်လည်မှု (Window Dressing) ကျူးလွန်ခဲ့သည့် အမှုဆောင်အရာရှိဟောင်းနှစ်ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး ၎င်းပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ် ၅ နှစ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ အဆိုပါ လိမ်လည်ထားသော စာရင်းဇယားများဖြင့် တိုကျိုစတော့အိတ်ချိန်းတွင် ကုမ္ပဏီကို တရားဝင်စာရင်းသွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး၊ တရားရုံးက စတော့စျေးကွက်အပေါ် ရိုက်ခတ်မှုကြီးမားခဲ့ကြောင်း ထောက်ပြကာ Alt ကုမ္ပဏီကိုမူ ဂျပန်ယန်း သန်း ၃၀၀ ဒဏ်ရိုက်ခဲ့သည်။ လက်ရှိတွင် Alt ကုမ္ပဏီမှာ စတော့စျေးကွက်မှ ပယ်ဖျက်ခြင်း (Delisted) ခံခဲ့ရပြီး အရပ်ဘက်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ စတင်နေရကြောင်း သိရသည်။

news-view-count-icon

12