back

တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး ကျောက်သားကဲ့သို့ ခိုင်မာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

May 27 • 1:40 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး ကျောက်သားကဲ့သို့ ခိုင်မာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများ မည်သို့ပင် ပြောင်းလဲပါစေ တရုတ်-ပါကစ္စတန် ချစ်ကြည်ရင်းနှီးမှုမှာ အစဉ်သဖြင့် ချိုးဖျက်၍မရဘဲ ကျောက်သားကဲ့သို့ ခိုင်မာမြဲမြံကြေ...

နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများ မည်သို့ပင် ပြောင်းလဲပါစေ တရုတ်-ပါကစ္စတန် ချစ်ကြည်ရင်းနှီးမှုမှာ အစဉ်သဖြင့် ချိုးဖျက်၍မရဘဲ ကျောက်သားကဲ့သို့ ခိုင်မာမြဲမြံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ပါကစ္စတန် စစ်တပ်အကြီးအကဲ အာဆင် မူနီယာနှင့် ပေကျင်းမြို့၌ တွေ့ဆုံစဉ် ဝမ်ရိက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ပါကစ္စတန်ဘက်ကလည်း တရုတ်၏ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်နှင့် စီးပွားရေးစင်္ကြံ ဖော်ဆောင်ခြင်းကို ခိုင်ခိုင်မာမာ ထောက်ခံအားပေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်-အီရန် ပဋိပက္ခ ကြားဝင်စေ့စပ်ပေးမှုတွင် သဘောတူညီချက်ရလုနီးပါး ဖြစ်နေသည့် အခြေအနေများကိုလည်း နှစ်ဖက် အပြန်အလှန် အသိအမှတ်ပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်

news-view-count-icon

21