ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်း စုစုပေါင်း ၄,၆၇၁ ကျောင်းကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကျောင်းများအနက် အစိုးရကျောင်းအနေဖြင့် အထက်တန်းကျောင်း ၅၀၀၊ အလယ်တန်းကျောင်း ၂,၁၅၉ ကျောင်းနှင့် မူလတန်းကျောင်း ၁,၈၂၃ ကျောင်း ပါဝင်သည်။
ထို့အပြင် ဘုန်းတော်ကြီးသင်ပညာရေး (ဘက) အလယ်တန်းကျောင်း ၆၇ ကျောင်း၊ မူလတန်းကျောင်း ၅ ကျောင်းနှင့် ပုဂ္ဂလိကအထက်တန်းကျောင်း ၈၇ ကျောင်း၊ အလယ်တန်း ၁၆ ကျောင်း၊ မူလတန်း ၁၄ ကျောင်းတို့လည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယမန်နေ့ မေလ ၂၆ ရက် နံနက်ပိုင်းက ကျင်းပသည့် အဆိုပါအခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


