ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ရုပ်ရှင်ရုံရိုးမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့နေသည့် ရုပ်သံ Tik Tok တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယမန်နေ့တွင် လူအင်အားဖြင့် ဒုတိယအကြိမ် ထပ်မံရှင်းလင်းခဲ့ကြောင်းသိရသည်။ အဆိုပါ မြောင်းကို မေ ၁၈ ရက်က မိုးကြိုကာလအဖြစ် တစ်ကြိမ် ရှင်းလင်းခဲ့သော်လည်း မေ ၂၃ ရက် မိုးကြီးစဉ် အထက်ရပ်ကွက်များနှင့် ဈေးများဘက်မှ အမှိုက်များ မျောပါထပ်မံပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ ပြည်သူများအနေဖြင့် ရေမြောင်းအတွင်း အမှိုက်မစွန့်ပစ်ကြရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်က တိုက်တွန်းထားကြောင်း သိရသည်။

ရန်ကုန်တိုင်း၊မင်္ဂလာဒုံ၌ လှုမှုကွန်ယက်တွင် ပျံ့နှံခဲ့သည့် အမှိုက်များပိတ်ဆို့နေသည့် မြောင်းကို ဒုတိယအကြိမ် ထပ်မံရှင်းလင်း
May 27 • 1:39 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 61 | 0 | 0 | 0 |


