ဂျပန်အစိုးရက အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဝန်ဆောင်စရိတ်များနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကို တုံ့ပြန်ရန် အိမ်ထောင်စုများ၏ မီတာခနှင့် သဘာဝဓာတ်ငွေ့ရည် ကုန်ကျစရိတ်များအတွက် ယန်း ၅၁၃ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၃ ဘီလျံခန့်) ကိုကူညီကျခံပေးရန် မေလ ၂၆ ရက်တွင် အတည်ပြုလိုက်သည်။ အဆိုပါ ပံ့ပိုးမှုကို လာမည့် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလစာ ပေးချေသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ ဒုတိယဝန်ကြီး မာဆာနာအိုအိုဇာကီက ပြောကြားခဲ့သည်။ ထို့ပြင် စားသုံးကုန်ဈေးနှုန်း မြင့်တက်မှုကို ဖြေရှင်းရန် ဒေါ်လာ ၁၉ ဘီလျံ တန်ဖိုးရှိ အပိုဆောင်းဘတ်ဂျက် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိက ကြေညာထားကြောင်း သိရသည်။



