မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ အမျိုးသား ၃ ယောက်တွဲ (Regu Event) တွင် ငွေတံဆိပ်နှင့် အမျိုးသား ၄ ယောက်တွဲ (Quadrant Event) တွင် ပူးတွဲကြေးတံဆိပ်တစ်ခုစီ ဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအား တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကုမ္ပဏီများက စုစုပေါင်း ဂုဏ်ပြုငွေကျပ် သိန်း ၄၀၀ ကျော် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဂုဏ်ပြုချီးမြှင့်ရာတွင် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က ငွေကျပ် ၁၂၅ သိန်း၊ ဒု-ဥက္ကဋ္ဌ (၁) ဦးအောင်မြင့်မြတ်က ၇၅ သိန်း၊ ဒု-ဥက္ကဋ္ဌ (၂) ဦးဖြိုးဇော်ဦးက ၂၅ သိန်း၊ ROCKER ENERGY DRINK မှ သိန်း ၁၈၀၊ Bebee TV မှ သိန်း ၂၀၊ GLORY SPORTS မှ ၅ သိန်းနှင့် ဦးအောင်ကျော်သူက ၅ သိန်းကျပ်တို့ကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအ သင်းအား ငွေကျပ်သိန်း (၄၀၀) ကျော်ဂုဏ်ပြုချီးမြှင့်
May 26 • 9:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


