back

ရန်ကုန်တိုင်းအတွင်း ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်နေမှုအား တိုင်းဝန်ကြီးချုပ် လှည့်လည်ကြည့်ရှုအားပေး

May 26 • 9:08 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းအတွင်း ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်နေမှုအား တိုင်းဝန်ကြီးချုပ် လှည့်လည်ကြည့်ရှုအားပေး

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းအပ်နှံရေးရက်သတ္တပတ်ကို မေလ ၂၅ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ခံဆောင်ရွက်လျက်ရှိရာ၊ ရန်ကုန်တိုင်းဒေသကြီး ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းအပ်နှံရေးရက်သတ္တပတ်ကို မေလ ၂၅ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ခံဆောင်ရွက်လျက်ရှိရာ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ယနေ့ (မေလ ၂၆ ရက်) တွင် အင်းစိန်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မရမ်းကုန်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ကာ ကျောင်းအပ်နှံနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောင်းအပ်နှံရေးကာလအတွင်း ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် စာရေးကိရိယာများကိုလည်း တစ်ပါတည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

19