back

ထိုင်း၌ ဖေ့စ်ဘွတ်ခ်ပေါ်တွင် လိင်ပိုင်းဆိုင်ရာ Live လွှင့်သူများအပြင် Like နှင့် Share ပေးသူများကိုပါ ရာဇဝတ်မှုဖြင့် ထောင်ဒဏ် ၅ နှစ်အထိ ပြင်းထန်စွာ အရေးယူမည်ဟု သတိပေး

May 26 • 8:43 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း၌ ဖေ့စ်ဘွတ်ခ်ပေါ်တွင် လိင်ပိုင်းဆိုင်ရာ Live လွှင့်သူများအပြင် Like နှင့် Share ပေးသူများကိုပါ ရာဇဝတ်မှုဖြင့် ထောင်ဒဏ် ၅ နှစ်အထိ ပြင်းထန်စွာ အရေးယူမည်ဟု သတိပေး

ထိုင်းနိုင်ငံအတွင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်၌ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းသည့် တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) များပြားလာပြီး ကြည့်ရှုသူသန်းချီအထိ ပျံ...

ထိုင်းနိုင်ငံအတွင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်၌ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းသည့် တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) များပြားလာပြီး ကြည့်ရှုသူသန်းချီအထိ ပျံ့နှံ့နေသဖြင့် ၎င်းတို့ကို Like နှင့် Share ပေးသည့် အသုံးပြုသူများကိုပါ ရာဇဝတ်မှုဖြင့် ထပ်တူအရေးယူသွားမည်ဟု ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က မေလ ၂၄ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။ ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဗျူရိုအနေဖြင့် အထူးစီမံချက်ချမှတ်ကာ URL လိပ်စာများကို ခြေရာခံ၍ ကျူးလွန်သူများ၏ တည်နေရာအတိအကျကို ဖော်ထုတ်ဖမ်းဆီးရန် ကြိုးပမ်းနေပြီး၊ ဖေ့စ်ဘွတ်ခ်ပင်မအဖွဲ့အစည်းနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဤကဲ့သို့သော ဥပဒေချိုးဖောက်မှုများအတွက် အဓိကကျူးလွန်သူများနှင့်အတူ လှုံ့ဆော်ကူညီသည့်အနေဖြင့် Like နှင့် Share လုပ်သူများကိုပါ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်း (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16