မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၅.၅ သန်းကျော် ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ယင်းတွင် အမေရိကန်ဒေါ်လာ ၃,၀၃၃,၀၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၂,၅၀၀,၀၀၀ ကို LNG တင်သွင်းသည့် ကုမ္ပဏီသို့ ရောင်းချပေးခဲ့ပြီး CMP ကုမ္ပဏီများထံသို့ အမေရိကန်ဒေါ်လာ ၃၄,၄၇၄ နှင့် Non Trade Transaction များအတွက် အမေရိကန်ဒေါ်လာ ၄,၉၃၀ ကိုလည်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအနေဖြင့် စက်သုံးဆီကဏ္ဍမှ ၄၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့ပြီး စားသုံးဆီကဏ္ဍမှ ၂၁ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။ 
| 33 | 0 | 0 | 0 |


