back

ရက် ၁၀၀ စီမံကိန်းအဖြစ် ၂၂ ရက်အတွင်း အလုပ်သမား ၉၀၀ ကျော်ကို OWIC ကတ်များ အဆင်ပြေစွာ ထုတ်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

May 26 • 8:29 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရက် ၁၀၀ စီမံကိန်းအဖြစ် ၂၂ ရက်အတွင်း အလုပ်သမား ၉၀၀ ကျော်ကို OWIC ကတ်များ အဆင်ပြေစွာ ထုတ်ပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် အစိုးရ၏ ရက် (၁၀၀) စီမံကိန်းအဖြစ် မေလ ၁ ရက်မှ ၂၂ ရက်အတွင်း ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများနှင့် အ...

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် အစိုးရ၏ ရက် (၁၀၀) စီမံကိန်းအဖြစ် မေလ ၁ ရက်မှ ၂၂ ရက်အတွင်း ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများနှင့် အသစ်လျှောက်ထားသူ စုစုပေါင်း ၉၀၄ ဦးကို ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) အဆင်ပြေချောမွေ့စွာ ထုတ်ပေးခြင်းနှင့် ပြည်ပထွက်ခွာခွင့်ပြုခြင်းများကို အထူးဦးစားပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းဆောင်ရွက်မှုတွင် ခွင့်ပြန်အလုပ်သမားနှင့် ကတ်သက်တမ်းတိုးသူ ၆၂၆ ဦး၊ မိမိအစီအစဉ်ဖြင့် ပထမဆုံးအကြိမ် သွားရောက်မည့် ကျွမ်းကျင်အလုပ်သမား ၂၂၄ ဦးနှင့် အချက်အလက်ကွဲလွဲမှု ပြင်ဆင်သူ ၅၄ ဦးတို့ ပါဝင်ပြီး၊ ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ကြေးမှလွဲ၍ မည်သည့်အပိုငွေမျှ ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကာ အသေးစိတ်စုံစမ်းလိုပါက ရုံးချုပ်ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၃၄၃၀၁၈၄ နှင့် ၀၆၇-၃၄၃၀၁၈၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

news-view-count-icon

28