back

ရန်ကုန်မြို့မှ အထူးကု၊ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ၂ ရက် ဆေးကုသပေးမည်

May 26 • 8:30 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ရန်ကုန်မြို့မှ အထူးကု၊ ဆေးကုသရေးအဖွဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ၂ ရက် ဆေးကုသပေးမည်

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် ၅၀၀ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ပု...

ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ခုတင် ၅၀၀ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင်၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ၃၁ ရက်အထိ (၂) ရက်တိုင်တိုင် "အခမဲ့" ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။    လာရောက်ကုသပေးမည့် အထူးကုဆရာဝန်ကြီးများမှာ ပါမောက္ခ/ဌာနမှူး (နှလုံးဆေးကု) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ဌာနမှူး (ဆီးချိုနှင့်ဟော်မုန်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ဌာနမှူး (အသည်းဆေးကု) အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) - ရန်ကုန်၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီး (အစာအိမ်နှင့်အူလမ်းကြောင်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ ဖြစ်သည်။

news-view-count-icon

28