back

သင်္ဃန်းကျွန်းမြို့နယ်ရှိ ထရန်စဖော်မာ(No.1)ဓာတ်အားပြတ်တောက်နေ၍ ထရန်စဖော်မာ(No.2)ဖြင့် ယာယီဓာတ်အားပေးနိုင်ရန်ဆောင်ရွက်နေ

May 26 • 8:28 AM

breaking-news

မြန်မာ

ရန်ကုန်

cover

သင်္ဃန်းကျွန်းမြို့နယ်ရှိ ထရန်စဖော်မာ(No.1)ဓာတ်အားပြတ်တောက်နေ၍ ထရန်စဖော်မာ(No.2)ဖြင့် ယာယီဓာတ်အားပေးနိုင်ရန်ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏခွဲရုံရှိ ၆၆/၃၃ KV၊ ၃၀ MVA ထရန်စဖော်မာ (No.1) သည် မေလ ၂၅ ရက် ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က ဓာတ်အားပြတ်တောက်သ...

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏခွဲရုံရှိ ၆၆/၃၃ KV၊ ၃၀ MVA ထရန်စဖော်မာ (No.1) သည် မေလ ၂၅ ရက် ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က ဓာတ်အားပြတ်တောက်သွားခဲ့သဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ လျှပ်စစ်စမ်းသပ်ရေးဆိုင်ရာ စမ်းသပ်ချက်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ထရန်စဖော်မာ (No.1) ပြတ်တောက်မှုကြောင့် ၎င်းနှင့်ချိတ်ဆက်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စံပြဆေးရုံ၊ နှင်းဥယျာဉ်အိမ်ရာ၊ နေနန်းသုခအိမ်ရာ၊ မိကျောင်းကန်ရပ်ကွက်များ၊ ဇဝန၊ ဇောတိက+သုမင်္ဂလာအိမ်ရာနှင့် ဗိုလ်ကံညွန့်ရပ်ကွက် အပါအဝင် နေရာအများအပြားတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိရာ၊ ဓာတ်အားပြန်လည်ရရှိစေရေးအတွက် အဆိုပါခွဲရုံရှိ အပိုထရန်စဖော်မာ (No.2) ဖြင့် ယာယီဓာတ်အားလွှဲပြောင်းပေးနိုင်ရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အပူတပြင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

15