မလေးရှားနိုင်ငံတွင် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် (Q4) အတွင်း အွန်လိုင်းမှတစ်ဆင့် ခေါ်ယူခဲ့သည့် အလုပ်အကိုင်လစ်လပ်နေရာ စုစုပေါင်း ၅၈၇,၈၀၁ နေရာအထိ ရှိခဲ့ကြောင်း မလေးရှားစာရင်းအင်းဌာန (DOSM) ၏ ထုတ်ပြန်ချက်အရ သိရသည်။ အလုပ်အကိုင်ခေါ်ယူမှုများတွင် ဝန်ဆောင်မှုကဏ္ဍ (Services Sector) သည် စုစုပေါင်းလစ်လပ်နေရာ၏ ၈၄.၄ ရာခိုင်နှုန်း (၄၉၆,၀၆၅ နေရာ) ဖြင့် အများဆုံးဖြစ်ကာ အဓိကဦးဆောင်နေပြီး အလုပ်အကိုင်ကြော်ငြာသည့် ကုမ္ပဏီအရေအတွက်မှာလည်း ၈၀,၂၈၇ ခုအထိ တိုးတက်လာခဲ့သည်။ ရာထူးအဆင့်အတန်းအလိုက် ကြည့်ပါက ပညာရှင်အဆင့် (Professional roles) နေရာများက အများဆုံးဖြစ်ပြီး ယင်းထဲတွင် ကြော်ငြာနှင့် မားကက်တင်းပညာရှင်များ၊ စီမံခန့်ခွဲမှုဒါရိုက်တာများနှင့် အမှုဆောင်အရာရှိချုပ် ရာထူးနေရာများမှာ ဝယ်လိုအား အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း အွန်လိုင်းအလုပ်အကိုင်လစ်လပ်နေရာ ၅ သိန်းကျော်အထိရှိခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍက ထိပ်ဆုံးမှဦးဆောင်နေ
May 26 • 6:50 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


