စင်ကာပူနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဉာဏ်ရည်တု (AI) နည်းပညာသုံး ချစ်ပ်ပြားများနှင့် ဆာဗာအစိတ်အပိုင်းများ ဝယ်လိုအား အဆမတန် မြင့်တက်လာခြင်းကြောင့် စင်ကာပူနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ယခင်နှစ်ကာလတူထက် ၆ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံနှင့် ကုန်ကြမ်းထောက်ပံ့မှုပြတ်တောက်ပြီး ငွေကြေးဖောင်းပွမှုများ ကြုံတွေ့နေရသော်လည်း စင်ကာပူ၏ လက်ကားကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများ၏ ကောင်းမွန်သောစွမ်းဆောင်ရည်ကြောင့် ယခုကဲ့သို့ စီးပွားရေးမျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် ၂၀၂၆ ခုနှစ် တစ်နှစ်လုံးအတွက် စီးပွားရေးတိုးတက်မှုနှုန်း မျှော်မှန်းချက်ကို ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအတွင်း ဆက်လက်ထိန်းသိမ်းထားသော်လည်း ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ စီးပွားရေးအန္တရာယ်များကိုမူ ဆက်လက်စောင့်ကြည့်သွားမည်ဟု သတိပေးထားသည်။
စင်ကာပူနိုင်ငံ၌ AI ချစ်ပ်ပြားဝယ်လိုအား ကောင်းမွန်ခြင်းကြောင့် ပထမသုံးလပတ်အတွင်း စီးပွားရေး ၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့
May 26 • 5:05 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


