back

ရှမ်းပြည်နယ်၊တောင်ကြီးတွင် အိမ်ထိဖောက်ထွင်းကာ ဆိုင်ကယ်ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွား

May 26 • 6:50 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တောင်ကြီးတွင် အိမ်ထိဖောက်ထွင်းကာ ဆိုင်ကယ်ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွား

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် အိမ်အတွင်းထိ ဖောက်ထွင်းကာ မော်တော်ဆိုင်ကယ်ခိုးယူမှုများ မကြာခဏဖြစ်ပွားလာနေပြီး ဒေသခံများလုံခြုံရေးစိုးရိမ်မှု မြင့်တက်လ...

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် အိမ်အတွင်းထိ ဖောက်ထွင်းကာ မော်တော်ဆိုင်ကယ်ခိုးယူမှုများ မကြာခဏဖြစ်ပွားလာနေပြီး ဒေသခံများလုံခြုံရေးစိုးရိမ်မှု မြင့်တက်လာကြောင်း သိရသည်။မေလ ၂၅ ရက် နံနက် ၃ နာရီခန့်က တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း ရပ်ထားသည့် Honda 100 အမျိုးအစား အဖြူရောင်လိုင်စင်ဆိုင်ကယ်တစ်စီး ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း ပိုင်ရှင်ဖြစ်သူထံမှ သိရသည်။“အမေက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့အချိန် ဖြစ်တာ။ အခုလို အိမ်ထဲအထိ ဖောက် ထွင်းခိုးယူခံရတော့ စိတ်မကောင်းဖြစ်ရတယ်” ဟု ဆိုင်ကယ်ပိုင်ရှင်က ပြောသည်။ခိုးယူခံရသည့် ဆိုင်ကယ်သည် လိုင်စင်အမှတ် ၅၇ ယ/၈၅၄၄၆ ဖြစ်ပြီး ရောင်းမှားဝယ်မှား မဖြစ်စေရန် တွေ့ရှိပါက အကြောင်းကြားပေးရန် ပိုင်ရှင်က တောင်းဆိုထားသည်။

news-view-count-icon

25