ကမ္ဘောဒီးယား တော်ဝင်တပ်မတော် (RCAF) သည် အုစမက် (O'Smach) အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အနီးရှိ ကမ္ဘောဒီးယားပိုင်နက်အတွင်း ထိုင်းစစ်တပ်က အကြောင်းပြချက်မရှိဘဲ သေနတ် ၂၂ ချက် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်အပေါ် ထိုင်းနိုင်ငံထံသို့ တရားဝင် ကန့်ကွက်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။ ဤပစ်ခတ်မှုသည် နှစ်နိုင်ငံ နယ်စပ်အထွေထွေကော်မတီ (GBC) က သဘောတူလက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေး ပူးတွဲကြေညာချက်ကို ချိုးဖောက်ရာရောက်သဖြင့် ကမ္ဘောဒီးယားဘက်က ဖြစ်စဉ်ကို သေချာစုံစမ်းစစ်ဆေးပေးရန်နှင့် ထိုင်းစစ်သားများကို စည်းကမ်းတင်းကျပ်ပေးရန် တောင်းဆိုထားသည်။ လက်ရှိတွင် နယ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို အပြည့်အဝ လိုက်နာရန်လည်း တိုက်တွန်းထားသည်။
May 26 • 2:16 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


