back

မက်ဆီ ဒဏ်ရာရခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ရန် စိုးရိမ်စရာအခြေအနေရှိနေ

May 26 • 2:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

မက်ဆီ ဒဏ်ရာရခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ရန် စိုးရိမ်စရာအခြေအနေရှိနေ

အင်တာမိုင်ယာမီအသင်းအတွက် ကစားရင်း ဒဏ်ရာရခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စိုးရိမ်စရာအခြေအနေ ရှိနေပါတယ်။မက်ဆီဟာ ဖဲလာဒ...

အင်တာမိုင်ယာမီအသင်းအတွက် ကစားရင်း ဒဏ်ရာရခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စိုးရိမ်စရာအခြေအနေ ရှိနေပါတယ်။မက်ဆီဟာ ဖဲလာဒဲဖီးယားယူနီယံအသင်းကို ၆-၄ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရာခဲ့တာဖြစ်ပြီး ၇၃ မိနစ်မှာ ဆယ်လ်ဗက်တီနဲ့ လူစားလဲခဲ့ရတာဖြစ်တယ်။အင်တာမိုင်ယာမီအသင်းက ပြီးခဲ့တဲ့တနင်္လာနေ့မှာ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီးနောက် ကြွက်သားဒဏ်ဖြစ်မှုသာ ဖြစ်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ ဒီကြေညာချက်မှာ မက်ဆီ ပြန်ကစားနိုင်မယ့်ရက်ဟာ ကုသမှု လုပ်ငန်းစဉ်ပေါ်မှာသာ မူတည်တယ်လို့ ပြောခဲ့ပါတယ်။မက်ဆီဟာ အခုချိန်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့အတူ ပါဝင်ယှဉ်ပြိုင်မယ်လို့ မပြောသေးပါဘူး။အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အပြီးသတ်လူစာရင်းကို မေလ ၃၀ ရက်မှာ ကြေညာဖို့ရှိပါတယ်။

news-view-count-icon

23