back

မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်၌ ကျောင်းအပ်စတင်သည့် ပထမရက်တွင် ကျောင်းသား သုံးထောင်ကျော် လာရောက်အပ်နှံ

May 26 • 2:16 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်၌ ကျောင်းအပ်စတင်သည့် ပထမရက်တွင် ကျောင်းသား သုံးထောင်ကျော် လာရောက်အပ်နှံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ကျောင်းအပ်နှံမှု စတင်သည့် မေလ ၂၅ ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ကျောင်းအပ်နှံမှု စတင်သည့် မေလ ၂၅ ရက် (ပထမရက်) ၌ပင် လာရောက်ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃,၁၉၂ ဦး ရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရပါတယ်။မင်းဘူး (စကု) မြို့နယ်တွင် အခြေခံပညာကျောင်း ၁၄၉ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၃ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်း စုစုပေါင်း ၁၅၈ ကျောင်း ရှိပြီး၊ ယခုနှစ် ပညာသင်နှစ်အတွက် KG မှ Grade-12 အထိ ကျောင်းအပ်နှံမည့် ခန့်မှန်းကျောင်းသားဦးရေ စုစုပေါင်း ၃၃,၂၃၉ ဦး ရှိကြောင်း သိရပါတယ်။ နိုင်ငံတစ်ဝန်း ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၅ ရက်မှ မေလ ၃၁ ရက်အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။

news-view-count-icon

35