စကော့တလန်ဘဏ်က လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား စကော့တ်တွမ်မီနေး ဂိုးသွင်းယူနေသည့် ပုံရိပ်ပါဝင်သော ပေါင် ၂၀ တန် ငွေစက္ကူကို အရေအတွက်အကန့်အသတ်ဖြင့် အထူးထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။စကော့တလန်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဒိန်းမတ်၊ ဂရိ၊ ဘီလာရုစ်တို့နှင့်အတူ အုပ်စု C တွင် ကျရောက်ခဲ့ပြီး အုပ်စုပထမနေရာဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒိန်းမတ်အသင်းနှင့် အဓိကပြိုင်ဆိုင်ခဲ့ရသည့် အဆုံးအဖြတ် နောက်ဆုံးပွဲစဉ်တွင် ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့စဉ်က စကော့တလန်အသင်းအတွက် အဖွင့်ဂိုးကို တွမ်မီနေးက နောက်ပြန်ကန်ချက်ဖြင့် လှလှပပ သွင်းယူပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဂုဏ်ပြုခံရခြင်း ဖြစ်ပါတယ်။စကော့တလန်အသင်းသည် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး၊ လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ အုပ်စု C တွင် ဘရာဇီးလ်၊ မော်ရိုကို၊ ဟေတီတို့နှင့်အတူ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရပါတယ်။
စကော့တလန်ဘဏ်က ကွင်းလယ်လူ တွမ်မီနေး၏ ဂိုးသွင်းဟန်ပါဝင်သည့် ပေါင် ၂၀ တန် ငွေစက္ကူကို အကန့်အသတ်ဖြင့် ထုတ်ဝေ
May 26 • 1:38 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


