back

မလေးရှားသို့ ရောက်ရှိလာသည့် UFC ချန်ပီယံ ဂျိုရှုအာဗန်ကို ပရိတ်သတ်အများအပြား လာရောက်ကြိုဆို

May 26 • 1:34 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားသို့ ရောက်ရှိလာသည့် UFC ချန်ပီယံ ဂျိုရှုအာဗန်ကို ပရိတ်သတ်အများအပြား လာရောက်ကြိုဆို

ချင်းတိုင်းရင်းသား မြန်မာနွယ်ဖွား UFC ချန်ပီယံ ဂျိုရှုအာဗန်သည် ယမန်နေ့က မလေးရှားသို့ ရောက်ရှိလာပြီး လေဆိပ်၌ ၎င်းမိသားစုဝင်များအပြင် မလေးရောက် မြန်မာပရိသတ်များစွ...

ချင်းတိုင်းရင်းသား မြန်မာနွယ်ဖွား UFC ချန်ပီယံ ဂျိုရှုအာဗန်သည် ယမန်နေ့က မလေးရှားသို့ ရောက်ရှိလာပြီး လေဆိပ်၌ ၎င်းမိသားစုဝင်များအပြင် မလေးရောက် မြန်မာပရိသတ်များစွာလည်း လာရောက်ကြိုဆိုခဲ့ကြပါသည်။မေလ ၂၇ ရက်တွင် မလေးရှားနိုင်ငံ၌ကျင်းပမည့် Chin Refugee Committee - Malaysia ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားသို့ လာရောက်ခြင်းဖြစ်ပါသည်။ မနေ့ညက ဗန်၊ အဆိုတော် ဖြူဖြူကျော်သိန်းတို့နှင့် ပရိတ်သတ်တွေ့ဆုံပွဲ Meet & Greet အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း CRC ထံက သိရသည်။ယခု ခရီးစဉ်အတွင်း ဗန်အနေဖြင့် ၎င်းမွေးရပ်မြေ ချင်းပြည်နယ်သို့ ပြန်မည်မဟုတ်ဘဲ ထိုင်းနှင့် မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်းသို့ သွားရောက်မည်ဖြစ်ကြောင်းလည်း The Ariel Helwani Show အင်တာဗျူး၌ ဖြေဆိုထားသည်။

news-view-count-icon

26