back

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာပြီး လူငယ်များတွင် အများဆုံး ကူးစက်နေ

May 26 • 1:31 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာပြီး လူငယ်များတွင် အများဆုံး ကူးစက်နေ

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ပြန်လည်မြင့်တက်လာကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ အချက်အလက်များကို က...

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ပြန်လည်မြင့်တက်လာကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ အချက်အလက်များကို ကိုးကား၍ Thai PBS World သတင်းတွင် ဖော်ပြထားပါတယ်။ဒီဂျစ်တယ်ရောဂါ စောင့်ကြည့်ရေးစနစ် (DDS) ၏ မှတ်တမ်းများအရ ယခုနှစ်အစမှ မေလ ၂၃ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၃,၆၄၂ ဦး ရှိခဲ့ပြီး သေဆုံးသူ ၁ ဦး ရှိခဲ့ကြောင်း သိရပါတယ်။ ကူးစက်ခံရသူများအနက် အသက် ၃၀ မှ ၃၅ နှစ်ကြား လူငယ်ပိုင်းတွင် အများဆုံးဖြစ်ပြီး၊ အသက် ၆၀ အထက် သက်ကြီးရွယ်အိုများနှင့် အသက် ၂၀ မှ ၂၉ နှစ်ကြား အရွယ်များမှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။လက်ရှိ ကူးစက်မှုများ၏ ၅၀ ဒသမ ၉၅ ရာခိုင်နှုန်းမှာ ကူးစက်မှုမြန်ဆန်ပြီး ခန္ဓာကိုယ်ခုခံအားကို ရှောင်ကွင်းနိုင်သည့် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးစိတ်သစ် (NB.1.8.1) ကြောင့် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ မျိုးစိတ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီနှင့် ဇွန်လအတွင်းကလည်း အုပ်စုလိုက် ကူးစက်မှုများ ဖြစ်ပွားစေခဲ့ဖူးသော်လည်း၊ လက်ရှိ ရောဂါဖြစ်ပွားမှုနှုန်းမှာ လွန်ခဲ့သည့် ၅ နှစ်က ပျမ်းမျှမှတ်တမ်းတင်ထားသည့် အဆင့်ထက် အများကြီး လျော့နည်းနေသေးကြောင်း သိရပါတယ်။

news-view-count-icon

13