တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပါကစ္စတန်နိုင်ငံ၊ ဘလူချီစတန်ပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စင်း ဗုံးခွဲတိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း မေလ ၂၅ ရက်တွင် ပြောကြားခဲ့ပါတယ်။မေလ ၂၄ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုကို ဘလူချီစတန်လွတ်မြောက်ရေးတပ်ဖွဲ့ (BLA) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူသေဆုံးဒဏ်ရာရမှု အများအပြား ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် ထိခိုက်သေဆုံးသူများအတွက် ဝမ်းနည်းရပါကြောင်းနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် ပါကစ္စတန်နိုင်ငံဘက်က ရပ်တည်ကာ ဒေသတွင်း လုံခြုံတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံ၊ ဘလူချီစတန်ပြည်နယ်ရှိ ရထားဗုံးခွဲတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချ
May 26 • 1:46 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


