မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ မြောက်ကုန်းရပ်တွင် ယနေ့ (မေလ ၂၅ ရက်) နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က သစ်ပင်လဲကျမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့နေကြောင်း သတင်းရရှိသဖြင့် ဂန့်ဂေါမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ချက်ချင်းထွက်ခွာသွားခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များသည် ဒေသခံများနှင့်ပူးပေါင်းကာ လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဖြတ်သန်းသွားလာနိုင်ရေးအတွက် လဲကျနေသည့် သစ်ပင်အား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ် (၁) ရပ်ကွက်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးဆောင်ရွက်
May 25 • 10:12 AM
မြန်မာ
မကွေး
မျှဝေမည်
| 21 | 0 | 0 | 0 |


