back

ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသား ၂ ဦး ဒဏ်ရာရရှိ

May 25 • 10:11 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသား ၂ ဦး ဒဏ်ရာရရှိ

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၃၆/၆) တွင် ယနေ့ (မေလ ၂၅ ရက်) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်...

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၃၆/၆) တွင် ယနေ့ (မေလ ၂၅ ရက်) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ခဲ့ကြပြီး၊ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူ စုစုပေါင်း ၅ ဦး (အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး) အနက် အမျိုးသား ၁ ဦးတွင် (စိုးရိမ်ရ) ဒဏ်ရာနှင့် အခြားအမျိုးသား ၁ ဦးတွင် (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ကမ်းမယ့်လက်များလူမှုကူညီရေးအသင်းယာဉ်ဖြင့် တောင်ငူမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

20