back

ဖိလစ်ပိုင်၌ အဆောက်အအုံပြိုကျ၊ ၃ ဦး ‌သေ၊ ၁၇ ဦး ပျောက်ဆုံးလျက်ရှိ

May 25 • 10:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်၌ အဆောက်အအုံပြိုကျ၊ ၃ ဦး ‌သေ၊ ၁၇ ဦး ပျောက်ဆုံးလျက်ရှိ

ဖိလစ်ပိုင်နိုင်ငံတွင် ပြိုကျခဲ့သော ဆောက်လုပ်ဆဲ အဆောက်အအုံ၏ အပျက်အစီးများထဲမှ လူနှစ်ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ပြီးနောက် ‌သေဆုံးသူဦးရေ သုံးဦးရှိလာကြ...

ဖိလစ်ပိုင်နိုင်ငံတွင် ပြိုကျခဲ့သော ဆောက်လုပ်ဆဲ အဆောက်အအုံ၏ အပျက်အစီးများထဲမှ လူနှစ်ဦးကို ကယ်ဆယ်ရေးသမားများက ဆွဲထုတ်နိုင်ခဲ့ပြီးနောက် ‌သေဆုံးသူဦးရေ သုံးဦးရှိလာကြောင်း အရာရှိများက မေလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အပျက်အစီးပုံအောက်မှ အသက်ရှင်လျက်ရှိသေးသော လက္ခဏာများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရှာဖွေ ကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ဆွဲထုတ်နိုင်ခဲ့သူ နှစ်ဦးအနက် တစ်ဦးသည် ပြန်ထုတ်ယူနိုင်ချိန်တွင် သွေးခုန်နှုန်းကို စမ်း၍ ရနေခဲ့သေးသော်လည်း နောက်ပိုင်းတွင် ‌သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီးဘေးကာကွယ်ရေးဗျူရိုမှ ပြန်ကြားရေးအရာရှိ မစ္စ မာရီယာ လက်ဆာဂျီလီက ဖုန်းအင်တာဗျူးတွင် ပြောကြားခဲ့ပြီး အခြားတစ်ဦးသည် ပိတ်မိနေခဲ့ချိန်တွင် နှလုံးခုန်ရပ်သွားခဲ့ခြင်းဟု ဆိုခဲ့သည်။ မြို့တော် မနီလာမြောက်ဘက် အိန်ဂျလိစ်မြို့ရှိ အဆိုပါ အထပ်မြင့်အဆောက်အအုံပြိုကျရသည့် အကြောင်းရင်းကို လက်ရှိတွင် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

news-view-count-icon

27