back

ချင်းပြည်နယ်၊ ဖလမ်းမြို့ သောက်သုံးရေဖူလုံရေးအတွက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှု ပြီးစီး

May 25 • 10:09 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်၊ ဖလမ်းမြို့ သောက်သုံးရေဖူလုံရေးအတွက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှု ပြီးစီး

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြ င့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဆော...

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြ င့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့ သောက်သုံးရေရရှိရေးလုပ်ငန်းများအနက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းများ ယခုအခါ အောင်မြင်စွာပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထွာန်းစိမ့်စမ်းရေမှ သွယ်တန်းထားသည့် ပင်မပိုက်လိုင်းများ ပြီးစီးသဖြင့် ဗလိုင်အထက်ရပ်ကွက်ရှိ ဂါလန် (၃၀,၀၀၀) ဆံ့ ရေလှောင်ကန်သို့ ရေအဆက်မပြတ် ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေလှောင်ကန်မှတဆင့် ဗလိုင်အထက်ရပ်ကွက်၊ ပြ ည်သူ့ဆေးရုံအနီးတဝိုက်နှင့် တောင်ဇလပ်ရိပ်သာအနီးရှိ ပြည်သူများ၏ နေအိမ်များအထိ သောက်သုံးရေ ဖြန့်ဝေပေးနိုင်ပြီဖြစ်သည်။ 

news-view-count-icon

14