back

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာဖွင့်လှစ်၊ မြန်မာသံအမတ်ကြီး တက်ရောက်

May 25 • 11:05 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာဖွင့်လှစ်၊ မြန်မာသံအမတ်ကြီး တက်ရောက်

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ" (China-ASEAN Artificial Intelligence Industry Innovation Center) ကို မ...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ "တရုတ်-အာဆီယံ ဉာဏ်ရည်တုလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုစင်တာ" (China-ASEAN Artificial Intelligence Industry Innovation Center) ကို မေလ ၂၄ ရက်က ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်က တရုတ်နိုင်ငံ၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မြန်မာသံအမတ်ကြီးက ယခုဖွင့်လှစ်သည့်စင်တာသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၌ ချမှတ်ခဲ့သော မဟာဗျူဟာမြောက် မျှော်မှန်းချက်များကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ပိုမိုဖွံ့ဖြိုးတိုးတက်သော ဒစ်ဂျစ်တယ်ခေတ်သစ်တစ်ခု ဖြစ်လာစေရန် မျှော်လင့်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

news-view-count-icon

11