ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းသို့ လှည့်ဖြားခေါ်ဆောင်ကာ လူကုန်ကူးသူများလက်ထဲ ရောင်းစားခံခဲ့ရသည့် ပဲခူးမြို့မှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် မေလ ၂၃ ရက် မွန်းလွဲပိုင်းက မန်နင်ကျေးရွာအနီးတွင် ၎င်းအား တင်ဆောင်လာသည့် ကားပေါ်မှ ခုန်ချကာ အော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် ဒေသခံရပ်မိရပ်ဖများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဝိုင်းဝန်းကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ မိဘမဲ့ဖြစ်ပြီး အစ်မဖြစ်သူတို့ဇနီးမောင်နှံနှင့် နေထိုင်သည့် အဆိုပါအမျိုးသမီးငယ်ကို တင်ဆောင်လာသည့်ကားမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး၊ လက်ရှိတွင် ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန်အတွက် ၎င်းအား မူဆယ်မြို့ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ထံ အပ်နှံကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 25 • 9:01 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 29 | 0 | 0 | 0 |


