ကိုရီးယားနိုင်ငံ၊ Bongeunsa Temple ၌ မေ ၂၄ ရက်က ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ တက်ရောက်တော်မူခဲ့သည်။ထို့နောက် ကိုရီးယားနိုင်ငံ၏ သံဃနာယကအဖွဲ့ခေါင်းဆောင်ဆရာတော်ဖြစ်သည့် Venerable Wong- myeong နှင့်အတူ ဂုဏ်ပြုပူဇော်စကားမိန့်ကြားတော်မူခဲ့သည်။ထို့ပြင် သန်လျင်မင်းကျောင်းဆရာတော်ကြီးသည် အခမ်းအနားသို့ကြွရောက်တော်မူလာကြသည့် ဆရာ တော်၊ သံဃာတော်များနှင့်အတူ တရားဓမ္မများရွတ်ဆိုခြင်း၊ ဆီမီးထွန်းညှိခြင်း၊ သာသနာတော်ဆိုင်ရာဆုတံဆိပ်များပေးအပ်ခြင်း၊ ဆရာတော်များနှင့် ဗုဒ္ဓဘာသာဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ပူဇော်စကားပြောကြားခြင်း၊ ဗုဒ္ဓနေ့အထိမ်းအမှတ်ဆုမွန်ကောင်းတောင်းခြင်းတို့ကို ပြုလုပ်တော်မူခဲ့သည်။
ကိုရီးယားနိုင်ငံ၌ကျင်းပသည့် ဗုဒ္ဓနေ့အခမ်းအနား၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး ဂုဏ်ပြုပူဇော်စကားမိန့်ကြား
May 25 • 9:02 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


