back

ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ရာတွင် ကျန်းမာရေးထောက်ခံစာအတုအသုံးပြုပါက ဥပဒေအရပြတ်သားစွာအရေးယူမည်ဟု ထိုင်းအစိုးရသတိပေး

May 25 • 9:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ရာတွင် ကျန်းမာရေးထောက်ခံစာအတုအသုံးပြုပါက ဥပဒေအရပြတ်သားစွာအရေးယူမည်ဟု ထိုင်းအစိုးရသတိပေး

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရာတွင် လိုင်စင်မဲ့ဆေးခန်းအချို့မှ တရားမဝင်ထုတ်ပေးနေသည့် ကျန်းမာရေးထောက်ခံစာအတုများကို အသုံးမပြုကြရန် ထို...

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရာတွင် လိုင်စင်မဲ့ဆေးခန်းအချို့မှ တရားမဝင်ထုတ်ပေးနေသည့် ကျန်းမာရေးထောက်ခံစာအတုများကို အသုံးမပြုကြရန် ထိုင်းအစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Patdarasm Thongsaluaykorn က အလုပ်ရှင်များအား သတိပေးလိုက်ပြီး၊ ဥပဒေချိုးဖောက်ပါက ပြတ်သားစွာအရေးယူသွားမည်ဟု ပြောကြားခဲ့သည်။ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများသည် သတ်မှတ်ထားသည့် အစိုးရဆေးရုံများ သို့မဟုတ် အွန်လိုင်းစိစစ်ရေးစနစ်နှင့် ချိတ်ဆက်ထားသော ခွင့်ပြုချက်ရ ပုဂ္ဂလိကဆေးဘက်ဆိုင်ရာစင်တာ ၆၃ ခုတွင်သာ ကျန်းမာရေးစစ်ဆေးမှုခံယူရမည်ဖြစ်ရာ၊ အလုပ်ရှင်များအနေဖြင့် ခွင့်ပြုချက်ရစင်တာစာရင်းကို သက်ဆိုင်ရာအလုပ်အကိုင်ရှာဖွေရေးရုံးများတွင် စစ်ဆေးနိုင်ကြောင်းနှင့် လက်ရှိတွင် အာဏာပိုင်များက ထောက်ခံစာအတုများကို ပစ်မှတ်ထားကာ တိုင်ကြားစာလက်ခံရေးစင်တာဖွင့်လှစ်၍ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

news-view-count-icon

22