ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၃/၆) နှင့် (၃၃၃/၇) ကြားတွင် ယနေ့ (မေလ ၂၅ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ခဲ့ကြပြီး၊ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူ စုစုပေါင်း ၆ ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး) အနက် အမျိုးသမီး ၂ ဦးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ကာ ကျန်အမျိုးသမီး ၁ ဦးမှာ (စိုးရိမ်ရ) ဒဏ်ရာနှင့် အမျိုးသား ၃ ဦးမှာ (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအား တံတားဦးမြို့နယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
May 25 • 8:50 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


