back

ချင်းပြည်နယ်ရှိဖလမ်း၊ တီးတိန်နှင့် တွန်းဇံသို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ လေကြောင်းဖြင့်ပို့ဆောင်၊ ဘိလပ်မြေ ၁၀ တန်ပါဝင်

May 25 • 8:02 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်ရှိဖလမ်း၊ တီးတိန်နှင့် တွန်းဇံသို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ လေကြောင်းဖြင့်ပို့ဆောင်၊ ဘိလပ်မြေ ၁၀ တန်ပါဝင်

ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိလပ်မြေ၊ အမိုးသွပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းမ...

ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိလပ်မြေ၊ အမိုးသွပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို မေ ၂၄ ရက် နံနက်ပိုင်းက တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ထုတ်ပြန်ချက်အရ အဆိုပါမြို့များကို ပြန်လည်ထိန်းချုပ်ထားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ယင်းသို့ ဆောင်ရွက်ရာတွင် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ အမိုးသွပ်နှင့် သွပ်ရိုက်သံများကို မန္တလေးမြို့မှတစ်ဆင့် ပို့ဆောင်ခဲ့ပြီး၊ နေရပ်ပြန်ပြည်သူများအတွက် ရည်ရွယ်သည့် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်သော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို နေပြည်တော်မှတစ်ဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။

news-view-count-icon

19