back

မဲခေါင်ဒေသခွဲ မီးခိုးမြူငွေ့အန္တရာယ် လျော့ကျ၊ သတိပေးချက်အဆင့် (၀) သို့ လျှော့ချ

May 25 • 8:04 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မဲခေါင်ဒေသခွဲ မီးခိုးမြူငွေ့အန္တရာယ် လျော့ကျ၊ သတိပေးချက်အဆင့် (၀) သို့ လျှော့ချ

အာဆီယံဒေသတွင်း နိုင်ငံများကြား နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုပြဿနာမှာ လက်ရှိတွင် စိုးရိမ်ရသည့်အခြေအနေမှ လျော့နည်းသွား...

အာဆီယံဒေသတွင်း နိုင်ငံများကြား နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုပြဿနာမှာ လက်ရှိတွင် စိုးရိမ်ရသည့်အခြေအနေမှ လျော့နည်းသွားပြီဖြစ်ပြီး မဲခေါင်ဒေသခွဲ၏ ခြောက်သွေ့ရာသီကာလလည်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASMC) က ထုတ်ပြန်ထားသည်။ယင်းထုတ်ပြန်ချက်ကို မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီက ပြန်လည်အသိပေးထားခြင်းဖြစ်သည်။ASMC ၏ ထုတ်ပြန်ချက်အရ မဲခေါင်ဒေသခွဲတွင် လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း စိုစွတ်သည့် ရာသီဥတုအခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောမီးလောင်ကျွမ်းမှုများနှင့် Fire Hotspot များ သိသိသာသာ လျော့နည်းသွားခဲ့ကာ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုလည်း ကျဆင်းခဲ့ကြောင်း သိရသည်။

news-view-count-icon

18