ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် တရုတ်နိုင်ငံသား (၂၇)ဦးကို ပြည်နှင်နိုင်ရေးစစ်ဆေးများအတွင်းသို့တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား(၂၇)ဦီးကိုထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြောင်း သိရသည်။၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၂၄ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄,၆၈၅)ဦးကိုထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် (၁၃,၅၂၁)ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁,၁၆၄)ဦးတွင် လူဝင်မှုကြီးကြပ်ရေး(လတ်တလော)ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား(၆၆၂)ဦးရှိကြောင်း သိရသည်။
May 25 • 7:58 AM
မြန်မာ
ကရင်
မျှဝေမည်
| 18 | 0 | 0 | 0 |


