back

ထိုင်းနိုင်ငံ၌ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာပြီး လူဦးရေ ၃ ဒသမ ၄ သန်းကျော် တစ်ရက်ဝင်ငွေ ၁၀၂ ဘတ်ဖြင့် ရုန်းကန်နေရ

May 25 • 2:37 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာပြီး လူဦးရေ ၃ ဒသမ ၄ သန်းကျော် တစ်ရက်ဝင်ငွေ ၁၀၂ ဘတ်ဖြင့် ရုန်းကန်နေရ

ထိုင်းနိုင်ငံအမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (NESDC) ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာပြီး ဆင်းရ...

ထိုင်းနိုင်ငံအမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (NESDC) ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာပြီး ဆင်းရဲသူလူဦးရေ ၃ ဒသမ ၄၃ သန်း (လူဦးရေ၏ ၄ ဒသမ ၈၉ ရာခိုင်နှုန်း) အထိ ရှိလာကြောင်း သိရပါတယ်။ အဆိုပါ လူဦးရေသည် တစ်လလျှင် ထိုင်းဘတ်ငွေ ၃,၀၇၈ ဘတ်အောက်သာ သုံးစွဲနိုင်သည့် ဆင်းရဲမှုမျဉ်းအောက် ရောက်ရှိနေပြီး တစ်ရက်လျှင် ဝင်ငွေ ၁၀၂ ဘတ်ခန့်သာ ရှိကြောင်း သိရပါတယ်။ဆင်းရဲနွမ်းပါးသူများအနက် ၄၅ ဒသမ ၄၉ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့် ဈေးကွက်မတည်ငြိမ်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရကာ ထိုင်းတောင်ပိုင်းနှင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုအများဆုံး ဖြစ်နေပါတယ်။ အစိုးရအနေဖြင့် လူမှုဝန်ထမ်း ထောက်ပံ့ကြေးများ တိုးမြှင့်ပေးထားသော်လည်း လူမှုစီးပွားကွာဟချက် ကြီးမားနေဆဲဖြစ်ရာ ထိရောက်မှုမရှိသည့် စီမံကိန်းကြီးများကို လျှော့ချ၍ ရေရှည်တည်တံ့မည့် စိုက်ပျိုးရေးအခြေခံအဆောက်အအုံများနှင့် လိုအပ်သူများထံ တိုက်ရိုက်ရောက်ရှိမည့် မူဝါဒများ ချမှတ်ရန် NESDC က တိုက်တွန်းထားကြောင်း သိရပါတယ်။

news-view-count-icon

21