တောင်ကိုရီးယားနိုင်ငံ၊ ချွန်ချောင်းတောင်ပိုင်းပြည်နယ်၊ ဆောဆန်မြို့ရှိ မြန်မာအလုပ်သမား ၁၅၀ နီးပါး လုပ်ကိုင်နေသော CREA ကားစက်ရုံတစ်ခုတွင် မေလ ၂၄ ရက် (ယနေ့) နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်ရုံအတွင်း မီးလောင်ကျွမ်းမှုကြောင့် မီးခိုးလုံးများ အလုံးအရင်း ထွက်ပေါ်ခဲ့ပြီး မီးသတ်ကားအများအပြားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရသည်။ အဆိုပါ မီးလောင်မှုအတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာလုပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ လက်ရှိအချိန်ထိ မသိရှိရသေးကြောင်း တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများထံမှ သိရသည်။လူမှုကွန်ရက်အသုံးပြုသူတွေက မီးအမြန်ငြှိမ်းဖို့နဲ့ မြန်မာအလုပ်သမားတွေ အန္တရာယ်ကင်းဖို့ ဆုတောင်းမှတ်ချက်ပေးနေကြပါတယ်။



