ရန်ကုန်-ဒလ မြစ်ကူးတံတားကြီးကို ဖွင့်လှစ်ခဲ့သည်မှာ ၄ လဝန်းကျင်ရှိပြီဖြစ်သော်လည်း ဒေသခံပြည်သူအများစုမှာ စက်တပ်သမ္ဗန်ငယ်များကိုသာ အဓိကအားထား၍ ကူးသန်းသွားလာနေရဆဲဖြစ်သည်။ တံတားကြီးဖွင့်လှစ်ပြီးနောက် ရန်ကုန်နှင့် ဒလအကြား YBS ဘတ်စကားအချို့ ပြေးဆွဲပေးနေသော်လည်း ယာဉ်အစီးရေနည်းပါးပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသဖြင့် အခြေခံလူတန်းစားများ၊ ဈေးသည်များနှင့် ကျောင်းသားလူငယ်များ အပါအဝင် ဒေသခံ ၈၀ ရာခိုင်နှုန်းခန့်မှာ အလွယ်တကူစီးနင်းနိုင်သည့် သမ္ဗန်များကိုသာ ရွေးချယ်နေရခြင်းဖြစ်သည်။လက်ရှိတွင် မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်၍ တစ်ဦးလျှင် ၄၀၀ ကျပ်ပေးရသည့် အဆိုပါကူးတို့သမ္ဗန်ငယ်များမှာ မိုးဒဏ်၊ လေဒဏ်နှင့် လှိုင်းဒဏ်ကြောင့် အသက်အန္တရာယ်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ သမ္ဗန်သမားများမှာမူ တံတားဖွင့်ပြီးနောက်ပိုင်း လုပ်ငန်းထိခိုက်မည်ကို စိုးရိမ်ခဲ့ကြသော်လည်း လက်ရှိတွင် နေ့စဉ်လူဦးရေ ထောင်နှင့်ချီ၍ ပုံမှန်စီးနင်းမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
May 25 • 1:37 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 28 | 0 | 0 | 0 |


