မြန်မာ-ထိုင်းနယ်စပ်၊ရှမ်းပြည်နယ်၊တာချီလိတ်ဒေသနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသတို့သည် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ် အမြင့်မားဆုံးရှိနေပြီး၊ ရေဘေးအန္တရာယ် လျှော့ချရန်အတွက် မယ်ဆိုင်မြစ်အတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် နှစ်နိုင်ငံအဆောက်အအုံများကို အရေးပေါ် ဖျက်သိမ်းရန် လိုအပ်နေကြောင်း သိရသည်။ချင်းမိုင်တက္ကသိုလ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သုတေသနဌာနမှ တွဲဖက်ပါမောက္ခ ချူချုတ်က မိုးရွာသွန်းမှုများပြားပါက ရေကြီးမှုကို ရှောင်လွှဲ၍မရနိုင်သဖြင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ရန် အမြဲသတိရှိနေကြရမည်ဟု သတိပေးထားသည်။ မယ်ဆိုင်မြစ်ကြောင်းမှာ နှစ်နိုင်ငံစလုံး၏ ကျူးကျော်ဆောက်လုပ်မှုများကြောင့် ကျဉ်းမြောင်းနေပြီး၊ မြန်မာဘက်ခြမ်း၌ ၆ မီတာအမြင့်ရှိ ရေကာတာများ တည်ဆောက်ထားခြင်းကြောင့် ရေစီးကိုအသေပိတ်ဆို့သကဲ့သို့ဖြစ်ကာ ရေစီးပိုသန်လာပြီး ရေကြီးမှုကို ပိုမိုမြန်ဆန်စေမည်ဖြစ်ကြောင်းနှင့် ရေကာတာရှိသော်လည်း ရေမှာ မြေအောက်မှ စိမ့်ဝင်လာဦးမည်ဖြစ်ကြောင်း ထောက်ပြထားသည်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံလုံး မယ်ဆိုင်ချောင်း ရေကြီးမှုဒဏ် ခံရမည်ဖြစ်၍ ကျူးကျော်အဆောက်အအုံများ ဖျက်သိမ်းရန် လိုအပ်နေ
May 25 • 2:17 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


