တရုတ်နိုင်ငံ၊ ဆန်းရှီးပြည်နယ်၊ ချန်ကျစ်မြို့၊ ချင့်ယွမ်ခရိုင်ရှိ ‘ဆန်းရှီး ထုန်းကျိုးအုပ်စု လျိုရှန်ယွိ ကျောက်မီးသွေးလုပ်ငန်း’ တွင်းအောက်၌ မေလ ၂၂ ရက် ည ၇ နာရီခွဲခန့်က ပြင်းထန်သော ဓာတ်ငွေ့မတော်တဆ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် မေလ ၂၃ ရက် မွန်းလွဲပိုင်းအထိ လူ ၈၂ ဦး သေဆုံးကာ ၉ ဦး အဆက်အသွယ် ပြတ်တောက်ပျောက်ဆုံးနေပြီး ဒဏ်ရာရရှိသူ ၁၂၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးထားရသည်။မှုခင်းနှင့် မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဆန်းရှီးပြည်နယ်အစိုးရက ရှာဖွေကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့ ၇ ဖွဲ့မှ လူအင်အား ၇၅၅ ဦးကို အရေးပေါ်စေလွှတ်ကာ အင်တိုက်အားတိုက် စီမံကိုင်တွယ်လျက်ရှိသည်။ လက်ရှိတွင် ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသူများနှင့် ပျောက်ဆုံးနေသူများအတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ကျောက်မီးသွေးတွင်း ဓာတ်ငွေ့ပေါက်ကွဲမှုအတွက် ကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်
May 24 • 1:46 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


