back

တရုတ်နိုင်ငံ၊ပေကျင်းမြို့ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ အလွန်မြင့်မားသော မြို့ကြီးများစာရင်းတွင်ပါဝင်လာ

May 24 • 1:47 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၊ပေကျင်းမြို့ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ အလွန်မြင့်မားသော မြို့ကြီးများစာရင်းတွင်ပါဝင်လာ

တရုတ်နိုင်ငံ ပေကျင်းမြို့သည် မျိုးစိတ်ပေါင်း ၇,၀၀၀ ကျော်ကို မှတ်တမ်းတင်ထားနိုင်ခဲ့သဖြင့် ဇီဝမျိုးစုံမျိုးကွဲအဆင့်သတ်မှတ်ချက်တွင် ဦးဆောင်နေသည့် ကမ္ဘာ့မြို့ကြီးမျ...

တရုတ်နိုင်ငံ ပေကျင်းမြို့သည် မျိုးစိတ်ပေါင်း ၇,၀၀၀ ကျော်ကို မှတ်တမ်းတင်ထားနိုင်ခဲ့သဖြင့် ဇီဝမျိုးစုံမျိုးကွဲအဆင့်သတ်မှတ်ချက်တွင် ဦးဆောင်နေသည့် ကမ္ဘာ့မြို့ကြီးများစာရင်း၌ ပါဝင်လာကြောင်း ပေကျင်းမြို့တော် ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဗျူရိုက မေ ၂၁ ရက်တွင် ပြောကြားသည်။ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း မြို့တော်တစ်ခွင် စစ်တမ်းကောက်ယူမှုများအရ သဘာဝနှင့် တစ်စိတ်တစ်ပိုင်းလူသားဖန်တီးထားသည့် ဂေဟစနစ် ၁၅၁ မျိုးနှင့် မျိုးစိတ်ပေါင်း ၇,၁၂၁ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာစံနှုန်းများအရ မြို့တစ်မြို့တွင် မျိုးစိတ်အရေအတွက် ၃,၀၀၀ မှ ၅,၀၀၀ အကြားရှိပါက ဇီဝမျိုးစုံမျိုးကွဲ “မြင့်မားသောအဆင့်” ဟု သတ်မှတ်ပြီး၊ မျိုးစိတ် ၅,၀၀၀ ကျော်ရှိပါက “အလွန်မြင့်မားသောအဆင့်” ဟု သတ်မှတ်ရာ ပေကျင်းမြို့သည် မျိုးစိတ် ၇,၀၀၀ ကျော်ဖြင့် အလွန်မြင့်မားသော ဦးဆောင်မြို့ကြီးအဖြစ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

news-view-count-icon

14