မြန်မာ-ထိုင်းနယ်စပ်၊ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက် မြို့ရှောင်လမ်းအနီး မယ်ဆိုင်ချောင်းအတွင်း၌ မေလ ၂၂ ရက် ည ၈ နာရီကျော်အချိန်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ ဆိုင်ကယ်တစ်စီးအား ဝါးလုံးဖြင့် လျှိုထမ်းကာ ခိုးကူးလာသည့် မြန်မာလူငယ်နှစ်ဦးကို ထိုင်းစစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါ ပစ်ခတ်မှုကြောင့် တာချီလိတ်မြို့တွင် နေထိုင်သည့် မောင်အာကာတွင် ညာဘက်ကျော ကျည်ဖောက်ဝင်၍ ရင်ညွန့်မှ ဖောက်ထွက်သည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး၊ အသက် ၂၄ နှစ်အရွယ် မောင်အောင်မင်းခန့်တွင်မူ ညာဘက်တံတောင်ဆစ်၌ ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတို့နှစ်ဦးကို အနီးဝန်းကျင် နေထိုင်သူများက တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရပြီး လက်ရှိတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ လိုအပ်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် တာချီလိတ်မြို့ မယ်ဆိုင်ချောင်းအတွင်း ဆိုင်ကယ်ခိုးကူးသူ နှစ်ဦးကို ထိုင်းစစ်တပ်ဘက်က ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးသွား
May 24 • 1:45 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 40 | 0 | 0 | 0 |


