ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဝါးဆူကွင်းကျေးရွာအနီး ဘားအံ-လှိုင်းဘွဲ့ ကားလမ်းပေါ်ရှိ သံကွန်ကရစ်တံတားတစ်စင်းသည် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် မေလ ၂၂ ရက်က မြေသားကျွံကျကာ ပျက်စီးခဲ့သည်။ သို့ဖြစ်၍ တာဝန်ရှိသူများက ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ၎င်းလမ်းပိုင်းတွင် ကားကြီးများ ဖြတ်သန်းခွင့်ကို ယာယီပိတ်ထားပြီး၊ ယာဉ်အသေးများနှင့် ဆိုင်ကယ်များကိုသာ ဖြတ်သန်းခွင့်ပြုထားသည်။လက်ရှိတွင် သက်ဆိုင်ရာက တံတားအား ပြန်လည်ပြင်ဆင်နေပြီး၊ ကားကြီးများနှင့် ခရီးသွားများမှာ အနီးနားရှိ ရွာချင်းဆက်လမ်းများမှတစ်ဆင့် ဖြတ်သန်းမောင်းနှင်နေရကြောင်း သိရသည်။



