back

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးလာသဖြင့် ဝန်နှင့်အားမမျှဘဲ ရုန်းကန်နေရဟု ထုတ်ပြန်

May 24 • 1:36 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးလာသဖြင့် ဝန်နှင့်အားမမျှဘဲ ရုန်းကန်နေရဟု ထုတ်ပြန်

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲလိုမှုနှုန်းမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသဖြင့် လက်ရှိတွင် ဝန်နှင့်အား မမျှတော့ဘဲ ရုန်းကန်နေရကြောင်း လျှပ်...

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲလိုမှုနှုန်းမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသဖြင့် လက်ရှိတွင် ဝန်နှင့်အား မမျှတော့ဘဲ ရုန်းကန်နေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။တိုးမြှင့်ထုတ်လုပ်ရန် ကြိုးပမ်းခဲ့သည့် စီမံကိန်းအချို့မှာ နှောင့်ယှက်ဟန့်တားမှုများကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်ခဲ့ရသဖြင့် လက်ရှိတွင် ပြည်သူလူထု လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်တော့ကြောင်း သိရသည်။ထို့ပြင် ထုတ်လုပ်လိုက်သည့် လျှပ်စစ်ဓာတ်အား၏ ၃ ဒသမ ၅ ရာခိုင်နှုန်းကို စက်ရုံနှင့် ခွဲရုံများတွင် ပြန်လည်သုံးစွဲရပြီး၊ ၄ ဒသမ ၅ ရာခိုင်နှုန်းမှာ မဟာဓာတ်အားလိုင်းများတစ်လျှောက် အလိုအလျောက် ဆုံးရှုံးသွားသဖြင့် ပြည်သူများထံ ရောက်ရှိချိန်တွင် စုစုပေါင်းထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းခန့် လျော့နည်းနေမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

48