back

ချင်းပြည်နယ် ဖလမ်းမြို့တွင် လာမည့်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၄ ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ

May 24 • 1:24 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ် ဖလမ်းမြို့တွင် လာမည့်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၄ ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မြ...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မြို့ပေါ်ရှိ အခြေခံပညာကျောင်း ၄ ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နယ်မြေခံတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများ ပူးပေါင်းကာ ဖလမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း (၂) ရှိ စာသင်ခန်းများ ပြုပြင်ခြင်း၊ ခေါင်းမိုးနှင့် မျက်နှာကြက်များ လဲလှယ်ခြင်းစသည့် ပြင်ဆင်မှုများကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။ထို့ပြင် ဖလမ်းမြို့ပေါ်ကျောင်းများသာမက မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်မှလည်း ၎င်းတို့ဒေသရှိ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် သက်ဆိုင်ရာသို့ တောင်းခံထားကြောင်း သိရသည်။

news-view-count-icon

23