ထိုင်းနိုင်ငံ၊ စူရတ်ထာနီပြည်နယ်၊ ကိုဖန်ငန် (Koh Phangan) ကျွန်းတွင် ထိုင်းနိုင်ငံသားအမည်ခံ (Nominee) ကုမ္ပဏီများကို အသုံးပြု၍ တရားမဝင် မြေကွက်ပိုင်ဆိုင်ထားသည့် စီးပွားရေးကွန်ရက်များကို မေလ ၂၃ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း နိုမီနီကုမ္ပဏီ ၃၂ ခုကို ရှာဖွေစစ်ဆေးခဲ့ပြီး နိုင်ငံခြားသား ၂၂ ဦးကို ဖမ်းဆီးခဲ့သည့်အပြင် ဘတ်သန်း ၂၀၀ ကျော် တန်ဖိုးရှိ မြေကွက် ၄၀ ကျော်ကိုပါ သိမ်းဆည်းခဲ့သည်။ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ အဆိုပါလုပ်ငန်းများသည် ထိုင်းနိုင်ငံသား ဆင်းရဲသားများနှင့် ဝန်ထမ်းများ၏အမည်ကို အသုံးပြုကာ ရှယ်ယာထည့်ဝင်ခိုင်းခဲ့ခြင်းဖြစ်ပြီး၊ လိပ်စာတစ်ခုတည်းတွင် နိုင်ငံခြားကုမ္ပဏီပေါင်း ၁၀၀ ကျော်အထိ အတုအယောင်မှတ်ပုံတင်ထားကြောင်း စစ်ဆေးတွေ့ရှိရသည်။ ၎င်းတို့ထဲတွင် အစ္စရေးနိုင်ငံသားတစ်ဦး အမှန်တကယ်ပိုင်ဆိုင်ပြီး ထိုင်းအမည်ခံကာ ဘတ်သန်း ၆၀ ကျော်တန်ဖိုးရှိ မြေကွက်များကို တရားမဝင်ဝယ်ယူထားသည့် ကုမ္ပဏီနှင့် ခွင့်ပြုချက်မရှိဘဲ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေမှုများ ပါဝင်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က တရားမဝင်လုပ်ငန်းများနှင့် မြေပိုင်ဆိုင်မှုများကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် ဘဏ္ဍာရေးစီးဆင်းမှု လမ်းကြောင်းများနှင့် ပတ်သက်ဆက်နွှယ်နေသည့် အစိုးရဝန်ထမ်းများ ရှိ၊ မရှိကို အရှိန်အဟုန်မြှင့် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ တရားမဝင် Nominee ကုမ္ပဏီ ၃၂ ခုကို ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသား ၂၂ ဦးကို ဖမ်းဆီး
May 24 • 1:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


