back

ကျေးရွာ ၆၀ ကျော်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

May 23 • 8:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျေးရွာ ၆၀ ကျော်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းမှု နှစ် (၃၀) ပြည့် အထိမ်းအမှတ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် အကြိုလှုပ်ရှားမှုများကို ခမ်းခမ်းနားနား...

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းမှု နှစ် (၃၀) ပြည့် အထိမ်းအမှတ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် အကြိုလှုပ်ရှားမှုများကို ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ပြီး၊ ကျေးလက်နေ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်အရ ကျေးရွာ ၆၀ ကျော်တွင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထို့အပြင် ကျေးလက်နေ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများအတွက် ပညာသင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ရရှိနိုင်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကိုပါ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

25